Search
  • Aung Myat Htay

အနုပညာမှာရှိသင့်တဲ့ရည်ရွယ်ချက်...။

Updated: 19 hours ago




အနုပညာတစ်ခုမှာ ရည်ရွယ်ချက်တစ်ခုခု ရှိသင့်သလားဆိုတာနဲ့ပတ်သက်ပြီး၊ တစ်စုံတစ်ခုကို ရည်ရွယ်မျှော်ကိုးပြီး အနုပညာတစ်ခုကိုမဖန်တီးအပ်ဘူး

လို့တော့ဆရာပေါ်ဦးသက် တစ်ခါကပြောဖူးပါတယ်၊ ဆရာပေါ်ဦးသက်ဘာကိုဆို လိုခဲ့သလဲဆိုတာ သေချာနားလည်ဖို့လိုပါတယ်။ ယူနက်စကိုုရဲ့ ဖိတ်ခေါ်အနုုပညာ

ပြိုင်ပွဲတစ်ခုုမှာ အလွန်အကျွံအချက်လက်စုုံအောင် အကျိုးမျှော်ကိုုးပြီးလုုပ်လိုုက်တဲ့လက်ရာ မစွံခဲ့တဲ့အကြောင်း ဆရာကဥပမာပေးခဲ့တယ်။ အရာရာတိုုင်းမှာအကျိုးနဲ့

အကြောင်းရှိစမြဲပါ။ စိတ်ထဲကမပါပဲ အလုပ်ဖြစ်မှုကိုဦးတည်ဖန်တီးကြရတဲ့ အခြေ နေတွေ၊ မသိစိတ်က တွန်းအားတစ်ခုချုပ်ကိုင်မှုတစ်ခုကြောင့် မထင်မှတ်ပဲရရှိလာ

တဲ့ရလဒ်ကောင်းတွေကို ချိန်ညှိစဉ်းစားဖို့ဆိုလိုတယ်လို့နားလည်မိတယ်။ ဆရာက ရည်ရွယ်ချက်တစ်ခုနဲ့ ဖန်တီးကြရတဲ့ကာတွန်းနဲ့ သရုပ်ဖေါ်ပန်းချီတွေနဲ့မတူကြောင်း

လည်းနှိုင်းယှဉ်သုံးသပ်ပြထားပါတယ်။ ကာတွန်းနဲ့သရုုပ်ဖေါ်ဟာ ရည်ရွယ်ချက်သီးခြားရှိတဲ့အခြားအနုုပညာပုုံစံလိုု့ယူဆပါတယ်။


အနုပညာဖန်တီးဖို့ သင့်လျော်ကောင်းမွန်သောရည်ရွယ်ချက်ရှိဖို့လိုသလို၊ ချစ်ခြင်းနဲ့စေတနာတွေလည်းလိုတယ်လို့ ယေဘုုယျမှတ်သားရပါတယ်။ အနုပညာ

သမိုင်းမှာဖန်တီးတီထွင်မှုတွေရဲ့မူလဇစ်မြစ်ဟာလူသားကောင်းကျိုးတိုးတက်မှုတွေ နဲ့ပါတ်သက်ပါတယ်။ ပိုပြီးယဉ်ကျေးအသိဉာဏ်ရှိလာတဲ့ လူသားများရဲ့ယုံကြည်မှု၊

သိမြင်မှု၊ ဘဝနေမှုတွေကိုဦးဆောင်ပြီး နမူနာပြဖို့ရည်ရွယ်ချက်တွေရှိနေပါတယ်။ နောက်ပိုင်းကမ္ဘာ့အခြေနေတွေအရ စစ်မက်တွေ၊ ပဋိပက္ခတွေနဲ့ ရက်စက်မှုတွေဟာ

အနုပညာရှင်တွေကိုပြောင်းလဲပေးခဲ့တယ်၊ ဘဝနေနည်းကိုပိုမိုခက်ခဲရင်ဆိုင်ပြီး ရှာဖွေလာကြရတယ်၊ ဒီလိုခက်ခဲမှုတွေကို အနုပညာအဖြစ်ဖေါ်ထုတ်တင်ပြကြတယ်၊

ဝေမျှကြတယ်၊ မှတ်တမ်းတင်ကြပါတယ်။ဒါတွေဟာလည်း စေတနာအရင်းခံဖြစ်ဖို့ များပါတယ်။ တစ်ကယ်လည်းအနုပညာသမားဟာ သူ့အာသိသတစ်ခုကြောင့် ဖန်

တီးမှုတစ်ခုပြုလုပ်ခြင်းမှာသူ့ရည်ရွယ်ချက်ကိုက တစ်စုံတစ်ခုရှိလာစေဖို့ဆိုတဲ့ ဆန္ဒတစ်ခု၊ သူတပါးကိုဝေမျှလိုတဲ့စေတနာတစ်ခုမှစတင်ပြီး သူရရှိခံစားမိသမျှကို

လူအများထိတွေ့သိရှိခံစားမိကြစေဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားဖန်တီးပါတယ်။


အနုပညာရှင်ရဲ့လူမသိသူမသိဖန်တီးမှုဟာလည်းတစ်ချိန်ချိန်မှာလူသူရှေ့ကိုရောက်လာ နိုုင်ပါတယ်။ မည်သည့်အကြောင်းရာပင်ဖြစ်စေကာမူ လူ့အသိုင်းဝိုင်းကိုအဆိုးမြင်

အပျက်သဘောမဆောင်ဖို့တော့လိုပါတယ်။ အနုပညာရှင်ဟာမကောင်းကျိုးဆိုပြစ် တွေကို ဝေဖန်ထောက်ပြဖို့ရှိခဲ့ရင်လည်း အသိုင်းဝိုင်းတစ်ခုလုံးကိုတိုးတက်ဖွင့်ဖြိုး စေဖို့

သတိပြုစရာ စေတနာရည်ရွယ်ချက်သာဖြစ်ပါလိမ့်မယ်။


လူအများနှင့်ဆိုင်တဲ့ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာတွေဟာ ဒီလိုပုဂ္ဂလဖန်တီးမှုတစ်ခုပေါ်မှာဘယ်လိုတည်မှီနေလည်းဆိုတာလေ့လာစရာပါ။ အနုပညာတစ်ခု

ပြီးမြောက်သွားရုံနဲ့ အရာအားလုံးကိုရိုက်ခတ်စေမှာမဟုတ်ပါ၊ မလုံလောက်ပါ၊ ဝေဖန်ဆန်းဆစ်နားလည်စေနိုင်မှသာ လက်ခံအသုံးပြု လူထုဆီဆက်သွားနေမှာဖြစ်ပါတယ်။

မိမိဖာသာဖန်တီးပြီး သိမ်းထားတဲ့အနုပညာများဟာ ကောင်းချင်ကောင်းနေ နိုုင်ပေမယ့်ဆက်လက်မစီးဆင်းတဲ့စမ်းချောင်းတစ်ခုလိုပါပဲ ရည်ရွယ်ရာကိုမရောက်

နိုင်ပါ။ အနုပညာသမားတိုင်းဟာ စေတနာရည်ရွယ်ချက်ကောင်းရှိကြမြဲဖြစ်ပေမယ့် အခွင့်မသင့်လို့ရည်ရွယ်ချက်အထမမြောက်ခြင်းသာဖြစ်နိုုင်ပါမယ်။ဒီတော့ဝန်းကျင်

ကိုအနုပညာနဲ့ များများလှုံဆော်မှုပေးနိုင်ရပါတယ်၊ စေတနာအကျိုးအကြောင်း ရည်ရွယ်ချက်ကောင်းရပါမယ်။ ရသအသစ်ပေးနိုင်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံမှာ

လိုအပ်နေတဲ့အချက်ဟာရေစီးရေလာကောင်းဖို့နေရာနဲ့အခွင့်လမ်းတွေပါ။ ရည်ရွယ်ချက်ကောင်းတဲ့ အနုပညာမြောက်ပြပွဲတွေ ထွန်းကားလာဖိုု့လိုုပါတယ်။


လူတိုင်းအနုပညာရှင်ဖြစ်နိုင်သလား..။


လူတိုင်းအနုပညာရှင်ဖြစ်နိုင်တယ်လို့ပြောကြတယ်၊နေ့စဉ်လှုပ်ရှားမှု၊ သာမာန်မြင်ကွင်း၊ ရိုးရှင်းတဲ့လူသုံးပစ္စည်းတွေကို အနုပညာလက်ရာဖြစ်အောင် တစ် နည်းနည်းနဲ့တင်ပြလာကြတဲ့အခါ လူတိုင်းအနုပညာရှင်ဖြစ်နိုင်တယ်ဆိုတဲ့အယူ

ဖြစ်လာတာပဲ။ ဒါပေမယ့် လူအများကတော့ လူတိုင်းရုပ်ပုံတွေဆွဲနိုင်တယ်လို့ပြောတာထင်နိုင်ပါတယ်။ ဒီလိုနည်းပညာလက်အစွမ်းလုပ်နိုင်တာကိုဆိုလိုတာမဟုတ် ပါဘူး။

အနုပညာရှင် တွေးပုံမျိုး လူတိုင်းတွေးနိုင်တယ်၊ လုပ်ကြည့်နိုင်တယ် အနု ပညာရှင်နဲ့အခြားလူနဲ့ကြားမှာ ကွာခြားတာမရှိဘူးလို့ဆိုလိုတာပါ။ ဒီအယူဆဟာ

ဒီကနေ့ ခေတ်ပြိုင်အနုပညာရဲ့အရေးကြီးတဲ့အချက်တွေထဲကတစ်ခုပါပဲ။ အနေထား ကာလံဒေသံတွေကြောင့်ဖြစ်လာတာပါ။


အနုပညာဟာ လူမှုရေးနိုင်ငံရေးတွေနဲ့ သီးခြားကွဲမနေဘူးဆိုတာသိခဲ့ပြီး ပါပြီ။ လူတွေဖန်တီးတဲ့စစ်ပွဲတွေဟာ လူတွေကိုအလွန်တုန်လှုပ်စရာအသိပညာတွေ

ပေးခဲ့ပါတယ်။ လူတွေရဲ့အရင်ကအသိဉာဏ်တွေ၊ အတွေးခေါ်တွေနဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ အယူစွဲမှုတွေကြောင့်အဲဒီအတွေးခေါ်ဟောင်းတွေကိုတန်ပြန်တော်လှန်

မယ့်အနုပညာမျိုးဆက်တွေရှိလာပါတယ်။ သူတို့ဟာ ဟိတ်ဟန်ကြီးတဲ့အနုပညာ ဥပဒေသတွေကိုတွန်းလှန်တဲ့အပြင် အခြားကမ္ဘာကလာတဲ့လူသားအသစ်ကဲ့သို့

ယခင်မရှိခဲ့ဖူးတဲ့အတွေးအခေါ်အယူဆသစ်တွေကိုယူဆောင်လာခဲ့ကြတာဖြစ်ပါတယ်။


ပြင်သစ်အနုပညာရှင် မာဆယ်ဒူးရွှန်းဟာ ၁၉၁၇ ခုနှစ်ရက်စွဲတပ်ထားတဲ့ အပေါ့သွားကြွေခွက်ကြီးကိုအနုပညာပြပွဲမှာတင်ပြီးပြသခဲ့တယ်။အနုပညာရှင်ကိုယ်

တိုင်လက်နဲ့ထိကိုင်ဖန်တီးပြုလုပ်ထားခြင်းမရှိတဲ့ အသင့်လုပ်ပစ္စည်း (သူတို့အခေါ် Ready made) အနုပညာဆိုတာကိုချပြလာခဲ့တယ်။ ( ယခုု လန်ဒန်မြို့ တိတ်မော်ဒန်အနုုပညာပြတိုုက်မှာ ၁၉၆၄ မူပွားတစ်ခုုအဖြစ် ထိမ်းသိမ်းပြသထားပါတယ်)။

လူတွေရဲ့အမူအကျင့်ဟောင်းတွေအတွေးခေါ်ဟောင်းတွေနဲ့ ဟိတ်ဟန်ကြီးတဲ့ အနုပညာဥပဒေသ စည်းကမ်းစနစ်တွေကိုတော်လှန်ပြီး

ဓလေ့ထုံးတမ်းဆိုင်ရာသင်္ကေတ ဘာသာစကား ဆိုင်ရာနဲ့ဝိသေသတွေကို တဖန်ပြန်လည်စဉ်းစားဖို့ပြောလာကြတယ်။

အသင့်လုပ် လူအသုံးဆောင်ပစ္စည်းတွေကနေအနုပညာဖြစ်နိုင်တယ်ဆိုတာမျိုးချပြဖေါ်ထုတ်တဲ့အခါ

မိမိအတ္တဝါဒနဲ့အရိုးစွဲနေတဲ့မိမိကိုယ်ပိုင်သဘောတရားကိုပြန်မေးခွန်းထုတ် ပြီး အနုပညာဆိုတာကိုပြန်စဉ်းစားခွင့်ရလာတယ်။မြင်ရတဲ့လက်ရာဟာအနုပညာရဲ့

ပိုင်ဆိုင်မှုမဟုတ်တော့ပဲကြည့်သူရဲ့သံသယနဲ့ဆန်းဆစ်မှုတွေကသာရှေ့တန်းရောက် လာစေခြင်းဖြစ်ပါတယ်။ သူ့လိုပဲ ဂျာမာန်အနုပညာရှင်ဂျိုးဇက်ဘွိုင်းဟာ လူတိုင်း

အနုပညာရှင် ဖြစ်နိုင်တယ်ဆိုတဲ့ အယူဆကိုလက်တွေ့အနုပညာပရောဂျက်တစ်ခု နဲ့ချပြခဲ့ပါတယ်။ ဂျာမဏီနိုင်ငံကပ်ဆဲလ်မြို့မှာ ဝက်သစ်ချပင်(ရဝဝဝ)စိုက်ပျိုးတဲ့ ပရောဂျက်ကို

လူအများနဲ့လက်တွေ့ဖေါ်ဆောင်ခဲ့တယ်။ ပါဖောမင့်အနုပညာရှင်ဖြစ် တဲ့ဘွိုင်းဟာလူတိုင်းပါဝင်လုပ်ဆောင်နိုင်တဲ့ အနုပညာမျိုးတွေကိုစီစဉ်ဖန်တီးခဲ့ပြီး

ယနေ့ထိနာမည်ထင်ရှားဆဲအနုပညာရှင်တစ်ဦးပါ။


ရှေးယခင်က အနုုပညာဆိုုတာကိုု လက်ခံဆဲနားလည်ဆဲအယူဆဟောင်းတွေထဲမှာ ဖန်တီးသူနဲ့ပရိသတ်ကြားတားဆီးထားတဲ့အကန့်သတ်တွေဟာ

မလိုုလားအပ်တဲ့အယူဆမှားတွေကိုုဖြစ်စေခဲ့တယ်။ အနုပညာရှင်နဲ့လူထုကို ညီမျှတဲ့စီးမြောမှုပြုလိုက်တဲ့အခါရှေးယခင်ကလို ပညာရှင်နဲ့သာမာန်ပရိသတ်ကွာခြားနေမှုမျိုး မရှိတော့ဘူး။ အဲဒီတော့ပိုမိုနီးကပ်လာ တဲ့ခံစားနိုင်မှုဟာ နံရံမှာဖုန်တက်နေရာကနေ လူတိုင်းနဲ့ခေတ်နဲ့တစ်သားထဲဖြစ်လာ စေတယ်။ လူထုထဲကိုပိုရောက်လာတယ်။

အနုပညာကိုအနုပညာရှင်ကဲ့သိုု့ ခံစားကြည့်ရှုဖို့ အရင်ကမဖြစ်နိုင်ခဲ့တာကို ပြောင်းလဲလိုက်တာ၊ ယနေ့ခေတ်မှာအားလုုံးဟာတစ်သားတည်းစီးမြောလာဖိုု့ အနုုပညာဟာ

ဆောင်းကျဉ်းလာခဲ့ပြီး ပရိသတ်နဲ့ဖန်တီးသူကြားကွာဟချက်ကို ဖယ်ထုတ်လိုက်တာပါ။ အရင်ကနားမလည်နိုင်စရာတွေကို ဖယ်ထုတ်လိုက်တာပါ။

ဒါဟာ အနုပညာရဲ့စာမျက်နှာသစ်တွေ။ ဒါဟာ ဒီနေ့ Contemporary Art

အနုပညာပုံစံတွေရဲ့ သန္တေတည်လာတဲ့ အစလို့ဆိုရမှာပါ။


လူတိုင်းအနုပညာရှင်ဖြစ်နိုင်ဖို့ အတွေ့ကြုံကပဲသင်ပေးနိုင်မယ်။ ကာတာ နိုင်ငံမှာ ဗြိတိသျှခေတ်ပြိုင်ဗမအငျအ ီောငနည ံနမျေအ ရဲ့လက်ရာတွေအကြီး အကျယ်

ပြပွဲလုပ်သလိုမျိုး..ဖော်မလင်ဆေးရည်စိမ်ထားတဲ့သူ့ရဲ့နာမည်ကျော်ဧရာမငါးမန်း ကြီး၊ မှန်လုံခန်းထဲမှာ ယင်ကောင်တွေနဲ့အတူထည့်ထားတဲ့ လတ်လတ်ဆတ်ဆတ

နွားခေါင်းပြတ်ကြီး၊ ဒီလိုယဉ်ကျေးမှုမတူတဲ့ကွဲပြားခြားနားတဲ့လူတွေအကြား ဘယ်လိုအနုပညာမျိုးက ပျော်ဝင်လွယ်နိုင်မယ့်သဘောတွေရှိလည်းဆိုတာဒီကနေ့စွန့်စားမှုများပါ။

ပရိသတ်တွေများစွာကတော့ လူတိုင်းအားလုံးနားလည်နိုင်မည်မဟုတ် ပါ။ ဒီနေ့ခေတ်မှာ

Visual Art ဆိုတာအတွေ့အကြုံသစ်ပဲဖြစ်တယ်၊ တခြားတွေ့ အကြုံတွေနဲ့ မတူတဲ့အချက်က Artist တဦးရဲ့စိတ်ကူးအကြံညာဏ်တွေကနေမရှိခဲ့ဖူးတဲ့

အတွေးတစ်ခု၊ အမြင်တစ်ခု၊ ဥပဒေသတစ်ခုကို လူသားအသစ်တယောက်လိုရှာဖွေတွေ့ရှိထားတယ်ဆိုတာပါပဲ။အရင်ကအနုပညာလို့သိထားပြီးတာတွေနဲ့ဆင်တူရိုးမှားတူချင်မှတူတော့မှာပါ။ ဒီတော့ဖြစ်ချင်တယ်ဆိုုရင် လူတိုင်းဟာအနုပညာရှင်ဖြစ်နိုင်ပါတယ်။


အောင်မြတ်ဌေး

စက်တင်ဘာ ၂၀၁၅

0 views