(ဒီဆောင်းပါးဟာ ၂၀၁၄ က ဘရွတ်ကလင်းအနုပညာပြတိုက်တွင်ကြည့်ဖြစ်ခဲ့တဲ့အနုပညာပြပွဲ ရီဗျူးဖြစ်ပါတယ်)။
အိုင်ဝေဝေအကြောင်းရေးမယ်ဆိုတော့ ခေါင်းစဉ်လေးတခုတော့သီးသန့် ပေးမှသင့်မယ်ထင်တာကြောင့် နိုင်ငံရေးဆန့်ကျင်လှုပ်ရှားပုံစံဖြစ်တဲ့သူ့လက်ရာတွေပေါ်ကနေပီး ဒီခေါင်းစဉ်လေး ပေးလိုက်ပါတယ်။
တစ်ခုပြောချင်တာက နိုင်ငံရေးဆိုတာ အစိုးရကို ဆန့်ကျင်တာတစ်ခုတည်းမဟုတ်ပဲ ဟောင်းနွမ်းနေသော အယူအစွဲလမ်းများ၊ မှားယွင်းနေသောလုပ်ထုံးဥပဒေများလည်း သက်ဆိုင်နေပါတယ်။ အမှန်တော့
ဒီခေါင်းစဉ်ဟာ အလွန်ကျယ်ဝန်းတဲ့အကြောင်းရာပါ။ ပန်းချီသမိုင်းအစကတည်းက
အနုပညာသမားတွေဟာနိုင်ငံရေးနဲ့သီခြားမဖြစ်ခဲ့ပါ၊ အီတလီပန်းချီပန်းပုကျော် မီခေးလန်ဂျလိုရဲ့ ဘာသာရေးအနုပညာတွေ၊ ပြင်သစ်အာရုုံမြင်ပန်းချီများရဲ့တော်ဝင်အထက်တန်းလွှာဆန့်ကျင်မှုတွေ၊ ပီကာဆိုရဲ့စစ်ဆန့်ကျင်ရေး၊ အမြင်သစ်ဖေါ်ထုတ်မှုတွေ၊ ဥရောပအာဗန့်ဂါ့ဒ်လှုပ်ရှားသူတွေ ပထမကမ္ဘာစစ်ပြီးတော့ပေါ်ပေါက်လာတဲ့ မာဆယ်ဒူးရွှန်းရဲ့ ဒါဒါ၀ါဒနဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပေါ်လာတဲ့ကော်ဘရာအုပ်စုတို့လို စစ်ရဲ့အနိဌာရုံတွေကို အနုပညာနဲ့ဆန့်ကျင်ဖို့ကြိုးစားခဲ့ကြတယ်၊ လူမှုရေး စီးပွားရေး၊ လူ့အခွင့်ရေး၊ အမျိုးသမီးရေး၊ လိင်တူအခွင့်ရေးစတဲ့ များလှ တဲ့နိုင်ငံရေးတွေကို အနုပညာရှင်တွေဖေါ်ဆောင်ခဲ့ကြပါတယ်။
အိုင်ဝေဝေကလည်း ''တရုတ်ပြည်မှာတော့အနုပညာသမားဘဝရွေးလိုက်တာကိုကနိုင်ငံရေးပဲ''လို့
ဆိုပါတယ်။ အခုုကြုံကြိုက်လို့ လတ်တလောအပြောများတဲ့သူ့အကြောင်းတွေရယ်
မြန်မာအပါဝင်နိုင်ငံအတော်များများ အိုင်ဝေဝေ အကြောင်းပြောကြဆိုကြတာဟာ..
အမေရိကန်တွေရော ဥရောပ တရုတ် ဂျပန်တွေရော အားလုံးနီးပါး အနုပညာ လော
ကထဲမှာ အငြင်းခုန်ရဆုံးပေါ့။ တလောကကြည့်ဖြစ်တဲ့ဘရွတ်ကလင်းပြတိုက်မှာလုပ်
တဲ့ According to What? (အခြေနေအရ...) လို့ဆိုတဲ့ သူ့ပြပွဲကတော့အထူးစည်းကားပါတယ်။
ဒါပေမယ့် တခုသတိထားမိတာက အားလုံးကကြိုက်လို့လက်ခံလို့ရယ်မဟုတ်ပဲ သူ
ပြောတဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေ၊ ငြင်းချက်ထုတ်စရာ(ကွန်ထရိုဗာရှယ်)ဖြစ်မှုတွေအပေါ်
ဒီက ေန့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မဖြစ်၊ အနုပညာဖြစ်မဖြစ်၊ အနုပညာ ခေတ်ရဲ့ရှေ့အလားအလာနဲ့..
ဒီကနေ့လူတွေရဲ့ ရှင်သန်မှုတွေအကြောင်းပါ။ သူ့ဆိုလိုချက်အရ ငါဟာဘယ်သူလဲဘာလဲ၊
ဘာတွေကိုဘာကြေင့်လုပ်ဖြစ်တာလဲ၊ ငါဘယ်ကလာပြီးဘယ်ကိုုသွားမှာလဲ ဆိုတာတွေကနေစပါတယ်။
အနုပညာလက်ရာဆိုတာဘယ်လိုဟာတစ်ခုလဲဆိုုတဲ့မေးခွန်းကိုကိုယ်တိုင်
ဖြေကြည့်လိုက်ပါ။ တွေ့ဖူးသမျှဘဝင်ခိုက်တာတွေ၊ ကိုယ်သင်ခဲ့သမျှ၊ လုပ်ခဲ့သမျှ လုပ်ဆဲအလုပ်တွေ၊
လေ့လာဖူးတဲ့စာအုုပ်တွေ၊ လိုချင်နှစ်ခြိုက်စရာတွေ၊ ကြိုက်နှစ်
သက်တဲ့ အနုပညာလက်ရာတွေပေါ်ကနေ ကိုယ်စီကိုယ်ငှ ဆုံးဖြတ်သတ်မှတ်လိုက်
ကြမှာမလွဲပါဘူး။ အရင်ပြောဖူးသလိုု.. သဘာဝကဖြစ်ဖြစ် လူလုပ်ထားတာဖြစ်ဖြစ်
အရာရာတိုင်းက အနုုပညာလက်ရာတစ်ခုုဖြစ်ခွင့်ရှိကြောင်း ဒီအရာတွေကို လူ့အသိဥာဏ်
ပညာနဲ့ပေါင်းပြီး တစ်ခုခုထုတ်ပြနိုင်ဖို့ပဲလိုတယ်ဆိုတာသိရင် အဆင်ပြေပါပြီ။ ဒီနေရာမှာအရေးကြီးဆုုံးက ပန်းချီသမိုုင်းပါ။ သမိုင်းဆိုုတာဆက်တိုက်ဖြစ်ပျက်နေ
တာတွေကို လေ့လာတယ်လိုု့လက်ခံရင် မနေ့ကကြည့်ခဲ့တဲ့ပြပွဲဟာ ဒီနေ့အတွက်
သမိုုင်းဖြစ်သွားပါပြီ။ ဒီတော့ အခုုအနုုပညာပြပွဲတွေကိုုလေ့လာတာဟာ သမိုင်းကိုု
လေ့လာနေခြင်းပါပဲ။ ရီနေးဆန်းခေတ်ကစလို့ အင်ပရက်ရှင် အိတ်စ်ပရက်ရှင်စတဲ့
သမိုုင်းတွေကနေ နယူးယော့စကူး၊ နောက် မာဆယ်ဒူးရွှန်းတိုု့ကနေ ဖီလော်ဆော်ဖီ
ဘက်နွယ်လာတဲ့ (ကွန်ဆက်ကျူရယ်) အနုပညာပုံစံတွေ။ ဒါတွေကို အကြမ်းဖျင်း
လောက်နဲနဲသိရင် ဒီတရုတ်အိုင်ဝေဝေရဲ့ လက်ရာတွေကိုနဲနဲတော့ နားလည်နိုင်ပါ မယ်
(နားလည်နိုုင်တယ်လိုု့ပဲပြောနိုင်ပါတယ် လက်ခံမခံဆိုတာမိမိသဘောပါ)။
အိုုင်ဝေဝေကိုုသိကြတာက တရုတ်အိုုလံပစ် ငှက်သိုုက်စတေဒီယံကြီးကို
အနောက်တိုင်းဗိသုကာဆရာတွေနဲ့ပေါင်းပြီးပုံစံထုတ်ခဲ့တဲ့အကြောင်းကနေ တကြိမ်
တစ်ခါမှ နိုင်ငံခြားမသွားဖူးတဲ့တရုုတ်လူမျိုး ၁ဝဝ၁ ယောက်ကိုုဂျာမဏီနိုုင်ငံကပ်ဆဲ
မြို့ကိုုလွတ်ပြီးပြပွဲမှတ်တမ်းအဖြစ်လုုပ်တဲ့သူ့ရဲ့ ဒဏ္ဍာရီပုံပြင် (၂ဝဝရ)ဆိုုတဲ့ ပရော
ဂျက်အပါဝင်ပါပဲ။ သူ့ကိုု ကျူရေတာတွေအနုပညာခံစားသူတွေက တကယ့် ရီနေး
ဆန်းမန်း လိုု့ခေါ်ဝေါ်ကြသလိုု ပြည်တွင်းတရုတ်တွေကြားထဲမှာတော့ နိုုင်ငံရေးနဲ့
အစိုုးရဆန့်ကျင်သူအဖြစ်သာ သိရှိလက်ခံကြတယ်ဆိုုပါတယ်(အနုုပညာသမားလိုု့
အများစုုက မသတ်မှတ်တာလားမသိပါ)။ ဒါပေမယ့် ကမ္ဘာတခွင်မှာတော့ လက်ရှိ
လူပြောအများဆုုံးခေတ်ပြိုင်အနုုပညာသမားအဖြစ် ငြင်းခုုံစရာဖြစ်နေဆဲပါ။
သူဟာ အမြင်အနုုပညာလက်ရာတွေဖန်တီးရုုံမက ဗိသုုကာ၊ဒီဇိုင်း၊ဓာတ်ပုံ
စတဲ့ အခြားနယ်ပယ်တွေနဲ့ပါ ပေါင်းစပ်ဖန်တီးပါတယ်။ ရှေးဟောင်းသစ်သားဘီရို
တွေ၊ ထိုင်ခုံတွေ၊ အခြားတန်ဆာပလာတွေကိုဖြုတ်တပ်ပြင်ဆင်အခြားလက်ရာတစ်
ခုဖြစ်သွားအောင်ထွင်တဲ့သူပါ။ သူ့ပြကွက်တွေမှာစီစဉ်နေရာချထားမှုဟာအရေး ကြီးတဲ့အစိတ်အပိုင်းဖြစ်နေတတ်တယ်။ သူ့ရဲ့ အခြားနာမည်ကြီးလက်ရာတွေဖြစ် တဲ့ နေကြာစေ့တွေ၊ ရှေးဟောင်းမြေအိုုးနဲ့ ကိုကာကိုလာတံဆိပ်၊ သစ်သားဘီရိုုကြီး တွေ၊ သံထည်လေးထောင့်အိမ်ကြီးတွေ တွန့်လိန်နေတဲ့တံခါးရွက်တွေ၊ သစ်ခေါင်း ထဲကတရုတ်မြေပုံ၊ ကြွေသားဂဏန်းများစတဲ့လက်ရာတွေများမှများပါ။
လက်ရာတစ် ခုစီမှာဘာလို့ဒီဟာကိုလုုပ်ရလဲဆိုတဲ့အကြောင်းတွေရှိပါတယ်။
အကျိုးနဲ့အကြောင်း အကြောင်းနဲ့အကျိုးပေါ့လေ။ ဒါပေမယ့် အခြားလူမျိုးတွေအသာထား တရုုတ်လူမျိုး
တွေကိုယ်တိုင်တောင်နားလည်တာမဟုတ်။ မေးခွန်းတွေဝေဖန်ချက်တွေ သတင်း ဗီဒီယိုတွေရဲ့ပရိုဂရမ်တွေမှာများ ဒါမျိုးတွေဟာအနုုပညာလားပေါ့။
လက်ရာတစ်ချို့အကြောင်းပြောပြချင်ပါတယ်။ ခုပုံမှာတွေ့ရတဲ့ သံချောင်း
အပုုံကြီးဟာတန်ချိန်၄ဝ ကျော်လောက်ရှိပါတယ် အရှည်အတိုု မညီညာအောင်ဖြတ်
ထားပြီးစုပုုံထပ်ထားတယ်။ (ဒီလက်ရာကိုုပြတိုုက်တတိယထပ်မှာခင်းကျင်းဖိုု့ကြမ်း
ပြင်ခံနိုုင်ရည်အား၊ပရိသတ်ဝန်အား အတော်တွက်ချက်ခဲ့ကြရတယ်ဆိုပါတယ်)။ တ
ကယ်တော့ဒီဟာက စီချွမ်မြေငလျှင်လှုပ်တော့ ပြိုကျပျက်စီးခဲ့တဲ့ကျောင်းအဆောက်
အုုံတွေကကွန်ကရီတွေထဲကသံချည်သံကွေးတွေပါ။အသေချာပြန်ဖြောင့်ပီးလိုသလို
ဖြတ်တောက်ကာ သဘာဝမြေသားထုုကြီး အလယ်ကောင်ကွဲအက်နေပုံမျိုး မြေသား
လန်းစကေ့ပ်ကြီးပြန်ဖေါ်ထားတာပါပဲ။ သူဟာ စီချွမ်မြေငလျှင်နဲ့ပတ်သက်ပြီး ပြ
ကွက်အတော်များများဖန်တီးခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲနဲ့ပူးပေါင်းပြီးကိုယ်တိုုင်
သွားရောက်ကူညီရင်း စိတ်ကူးတွေရတယ်ထင်ပါတယ်။ ကျောင်းသားလူငယ်ပေါင်း
၅ဝဝဝ နီးပါးသေဆုံးခဲ့ရတဲ့ ဒီကပ်ဘေးကြီးမှာ လူ့အသက်ရှင်မှုအပေါ်ဘာတွေကမ
သေချာတဲ့ဖြစ်နိုုင်ချေများလဲဆိုတာကိုသတိရဖို့လုပ်ထားတယ်ထင်ပါတယ်။သေဆုံး
သူတွေနာမည်တွေနံရံအပြည့်စီထားတယ်ကျောင်းသားတွေရဲ့ကျောပိုုးအိတ်တွေ ကိုု
ဆက်ပြီးမျက်နှာကျက်မှာ နဂါးပတ်နေသလိုုစီတန်းထားတယ်၊ (ကျောပိုးအိတ်တွေ
ကစက်ရုံမှာအသစ်ပြန်ချုပ်ခဲ့တာဖြစ်ပြီး၊ ဒီလိုကျောပိုးအိတ်တွေထောင်နဲ့ချီသုံးပြီး
ဂျာမဏီမှာလည်း တပ်ဆင်မှုလက်ရာတစ်ခုလုပ်ခဲ့ပါသေးတယ်၊ အဲဒါကငလျှင်မှာ
ပိတ်မိနေတဲ့ကလေးတယောက်သူ့မိခင်ဆီနောက်ဆုံးပို့ခဲ့တဲ့မက်ဆေ့ထင်ပါရဲ့။
သူဟာ ဒီစီချွမ်ငလျှင်မှာသွားကူညီတာရယ်သေဆုံးသူနာမည်စာရင်းထုတ်
ပြီးအွန်လိုင်းမှာဖြန့်တာရယ်၊ အစိုးရရဲ့ကိုင်တွယ်မှုကို ဝေဖန်အပြစ်တင်တာရယ်
ကြောင့်တရုတ်အစိုးရကသူ့ကိုအဲဒီကနေဖမ်းခေါ်ပြီး ၈၁ရက်အကျဉ်းချခဲ့ပါတယ်။ အဲဒီဖမ်းခေါ်သွားတဲ့လမ်းတလျှောက်မှာသူဟာ မှတ်တမ်းတင်ကင်မရာနဲ့တောက် လျှောက်ဗီဒီယိုရိုက်ယူနိုင်ခဲ့ပြီးအဲဒီဗီဒီယိုတွေကိုလည်းလက်ရာပြန်လည်ဖန်တီးခဲ့တယ်။
ပြပွဲထဲ ထူးတဲ့အချက်က သံထည်လေးေထာင့်တုံးကြီးတွေပါ၊ အပြင်ကကြည့်တော့ဘာဆိုတာ မသိနိုင်၊ အထဲကိုငုံ့ကြည့်တော့
ထောင်တွင်းမှာနေခဲ့တဲ့ ၈၁ ရက်ကို သံထည်ထုလေးထောင့်ခန်းကြီးတွေ
ဆောက်ပြီးအထဲမှာသူ့ပုံတူ၊ အခန်းအနေထားတွေရဲသားအစောင့်တွေအားလုံးကိုပုံစံ
ငယ်ပန်းပုထုပြီးပြပြန်ပါတယ် (ပုံတွေဖေါ်ပြထားပါတယ်) အဲဒီနောက်မှာလည်းနိုင်ငံ
ကနေပြင်ပထွက်ခွင့်ပိတ်ပင်ခဲ့ပြီးနေအိမ်အကျယ်ချုပ်နဲ့စောင့်ကြည့်ခံရပြန်ပါတယ်။
သူကတော့ ဒီလိုသူ့ကိုအပြစ်ပေးတာတွေအားလုံးကိုမှတ်တမ်းတင်ပြီး သူ့အနုပညာအဖြစ်ပြန်လည်ပုံဖေါ်အသုံးချခဲ့တယ်။ သူ့ပြကွက်တွေကိုကြည့်ရင် ရိုး ရိုုးမျက်မြင်အားဖြင့်တော့ အစိတ်ပိုင်းတွေဆက်စပ်တည်ဆောက် တပ်ဆင်ခင်းကျင်း ထားတာတွေပါ။ဒါပေမယ့်တရုုတ်ရဲ့ နိုင်ငံရေးလူ့အခွင့်ရေးဖိနှိပ်မှုအပေါ်မေးခွန်း ထုတ်တာတွေ ယဉ်ကျေးမှုအပြောင်းလဲကိုုမေးခွန်းထုုတ်တာတွေစတာတွေကိုတော်
လှန်ပြောင်းလဲထားတဲ့အယူအဆတွေပါပါတယ်။သမိုုင်းအထိမ်းအမှတ်ပုုံစံလုပ်ထား တဲ့ သစ်သားတရုုတ်မြေပုုံအတုုံးကြီးဟာ ရှေးဟောင်းချင်မင်းဆက်ခတ်က ဘုရား
ကျောင်းပျက်ကြီးဖြိုချထားတဲ့သစ်သားအပိုုင်းစတွေကိုုထိစပ်ပုုံသွင်းပြီးထုုလုုပ်ထား
တာပါ။(လွင့်ပြစ်မယ့်သစ်တိုသစ်စတွေကောက်ပြီးပန်းပုထုထားတာမျိုးမဟုတ်)။
သူချခွဲခဲ့တဲ့ရှေးဟောင်းမြေအိုးတွေကလည်း ဟန်ခေတ်ရှေးဟောင်းအိုးအစစ်
တွေဖြစ်ပါသတဲ့။ အဲဒီလက်ရာကတော့ သူ့ကိုတရုတ်တွေအများစုု မကြိုက်ကြတဲ့
အကြောင်းတခုပါပဲ။အများစုလက်ခံထားတဲ့အမွေအနှစ်ဆိုတာကိုအခြားအဓိပါယ်
တစ်ခုနဲ့အသုုံးချခဲ့လိုုဖြစ်မယ်၊ အားလုံးက ဘာအကြောင်းပြချက်နဲ့မှ ရှေးဟောင်း
အမွေနှစ်ကိုဖျက်ဆီးမခံလိုဘူးလေ။ နောက်ထပ် ဟန်ခေတ်မြေအိုုးအစစ်တွေဝယ်ပြီး
ခေတ်ပေါ်အိမ်သုုတ်ဆေးပုုံကြီးတွေထဲနှစ်ပြတဲ့ အရောင်စုံဆေးတွေစီးကျနေတဲ့ ဟန်
မြေအိုုးတွေဟာလည်း အလွန်ငြင်းစရာခုန်စရာလက်ရာပါပဲ။ သူက ကွန်ဆက်ကျူ
ရယ်ဘက်ကိုုအလွန်အားစိုုက်ပြုလုုပ်ခဲ့တာဖြစ်ပြီး ဒီအိုးတွေဟာသူရဲ့ပုံစံမပျက်ပဲ
မျက်နှာပြင်အပေါ်ယံသာ ဆေးအသစ်ဖြစ်သွားတာမြင်ရတယ်ဆိုုပါတယ် ဒီကနေ့
ယဉ်ကျေးမှုအပြောင်းလဲတွေနဲ့နှိုင်းယှဉ်မြင်ကြည့်နိုင်သတဲ့။
သူ့အကြောင်းက ပြောရင်းနဲ့မှငြင်းစရာတွေသူ့ဘဝဖြစ်စဉ်အတိတ်ကာလ အကြောင်းတွေများလာပါတယ်။
သူ့ရဲ့အစောပိုုင်း အမေရိကမှာနေခဲ့ချိန်၊ ပို့စ်ကွန် ဆက်ကျူရယ်ကာလများ၊ သူလေ့လာတဲ့ဒါဒါဟန်များ၊
တရုတ်ပြည်ပြန်ပြီးပြပွဲတွေ ပါဝင်လုုပ်ဆောင်အစိုုးရဆန့်ကျင်..စတာတွေအပြင်၊
မော်စီတုန်းရဲ့ယဉ်ကျေးမှုတော်လှန်ရေးမှာ သူ့ဖခင်ဘဝပျက်ခဲ့ရပုံ၊ သူအမေရိကရောက်ချိန်ကွယ်လွန်တော့တရုတ် ပြည်ပြန်ရောက်၊ တရုတ်မှာရှိနေကြတဲ့ ပုံစံဟောင်းတော် လှန်ချင်သူများနဲ့ပူးပေါင်း၊
အဖြူ၊ အနက်နဲ့၊ ဂရေး ဆိုတဲ့စာအုပ်သုံးအုပ်ထုတ် အနုပညာအသစ်ကိုငံ့လင့်နေသူ
တွေကိုမြှင့်တင်၊ သူပိုင်စတူဒီယိုကို ပုံစံထုတ်ပြီးဆောက်၊ အဲဒီစတူဒီယိုနဲ့ပဲ ပိသုကာ
အလုပ်မှာနာမည်ရလာပြီး တရုတ်ဥယျဉ်စီမံကိန်းတချို့မှာလုပ်ခွင့်ရ၊ ၂ဝဝ၈တွင် တရုတ်အိုလံပစ်ပွဲတော်အတွက်ငှက်သိုက်ပုံစတေဒီယံကြီးကိုဆွစ်ဗိသုကာဟားဇော့၊
ဒီမိုရွန်တို့နဲ့ ပူးတွဲပုံထုတ်တည်ဆောက်ခဲ့။ ဒီနောက်သူ့ရဲ့ ဘလော့ဂ်ခေတ်၊ တစ်ချိန်
တည်းတပြိုင်တည်းမှာ သူ့အနုပညာဆိုလဲဟုတ်၊ နေ့စဉ်ဘဝဆိုလဲဟုတ်တဲ့ ဓာတ်ပုံ
ပို့စ်တွေတောက်လျှောက်တင်ရင်း လူပေါင်းသန်းချီဝင်ကြည့်ကြ၊ နောက်ပိုင်းအစိုးရ
ဆန့်ကျင်ခြင်း၊ ယဉ်ကျေးမှုဆန့်ကျင်ရေးဆန်တဲ့ တပ်ဆင်မှုလက်ရာစိတ်ကူးများ ကြောင့်
ပိုမိုလူသိများလာပြီး ကမ္ဘာ့ကွန်တန်ပိုရာရီအနုပညာလောကမှာ အိုင်ကွန် တစ်ခုဖြစ်လာ၊
တရုတ်ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းလူ့အခွင့်ရေး၊ လူသားအ
ရေး၊ ဒုက္ခသည်များအရေး၊ ပဍိပက္ခရေးတွေမှာသွားရောက်ပါဝင် မှတ်တမ်းယူပြီး
လက်ရာများပြန်လည်ဖန်တီးနေဆဲပါ။
၂ဝ၁ဝခုုနှစ်ကအများသိကြတဲ့ တိတ်မော်ဒန်ပြတိုုက်မှာခင်ကျင်းခဲ့တဲ့ ကြွေ
သားနေကြာစေ့ပေါင်း ၁ဘီလီယံအပုုံကြီးဟာ ဒီကနေ့တရုုတ်လူမျိုး သန်းတရာကို
ရည်ညွှန်းတယ်ဆိုုပါတယ်။ ဒါ့အပြင် ဒီ့နောက်ကွယ်မှာ တရုုတ်ပြည် ယဉ်ကျေးမှု
တော်လှန်ရေးကာလက မော်စီတုုန်းခေတ်မှာဆောင်ပုဒ်တစ်ခုလိုအရေးပါတဲ့ ''နေကြာပန်းပွင့်လိုပြည်သူလူထုုတွေဟာ နေမင်းကြီးလို ဥက္ကဌမော်ရှိတဲ့ဘက်လှည့်ပွင့် ဖူးကြရမယ်ဆိုုတဲ့စကားကိုု ပြန်သတိရအောင်ဆွပေးလိုုက်သလို လည်းပါနေတယ် ဆိုပါရဲ့။ အကောင်းဘက်ကရှုမြင်ကြည့်ရင် သူ့အနုပညာဆိုတာတွေဟာ မြင်မှုဆိုင် ရာအနုပညာထဲမှာ ထပ်ပေါင်းလာတဲ့ပုံစံသစ်တွေကို နိုင်ငံကြီးတစ်ခုရဲ့ယဉ်ကျေးမှု
တွေပေါ်ကလေ့လာနိုင်သလို အဆိုးဘက်ကကြည့်ရင် ခေတ်အခြေနေတွေ ဘေးဆိုုး
အဖြစ်ပျက်တွေကို အသုုံးချပြီးအနုပညာဖန်တီးတာဟာ ဘာအကျိုးရှိနိုုင်မလဲ၊ လုပ်
စားတာများလား စသဖြင့်ပေါ့။ တစ်ခုသေချာတာက သူဟာနိုင်ငံရေးလှုပ်ရှားတယ်
ဆိုုပေမယ့်ရှေ့ကရှိပီးသားနိုင်ငံရေးအိုုင်ကွန်တွေဂျိုးငှက်လို ငြိမ်းချမ်းရေးပြယုုဂ်တွေ
တူတွေတံဇဉ်တွေကြယ်တွေစတဲ့လမ်းရိုးနိုင်ငံရေးတွေမဟုတ်ခြင်းပါပဲ။
ဘာပဲပြောပြော ပညာတတ်တရုတ်နိုင်ငံသားတယောက်အနေနဲ့ သူ့နိုင်ငံ ရေမြေကို မြတ်နိုးစိတ်ရှိသလို တိုးတက်ဖွင့်ဖြိုးစေလိုတဲ့ဆန္ဒရှိတာတွေ့ရပါတယ်။ သူဆိုလိုုတဲ့ အနုပညာဖီလိုုဆိုဖီပုုံစံနဲ့ (ဖရက်ဂမန့်) လို့ဆိုတဲ့သူ့ရဲ့အစိတ်အပိုင်းတွေဆက်စပ်မှု၊ အကြောင်းရာတည်ဆောက်မှုတွေဟာ ဒီကနေ့လိုအဖက်ဖက်က လူမှုရေးရင်ဆိုင်ရမှုအသစ် နိုင်ငံရေးစိန်ခေါ်မှုအသစ် ယဉ်ကျေးမှုစိတ်ဖြာခြင်းရော ထွေးပြီး ပုံစံအသစ်အဟောင်း ရောထွေးပြောင်လဲနေတဲ့ခေတ်မှာ လေ့လာစရာအဖြေ တွေဖြစ်နိုင်သလို အမေးတွေထပ်ဆင့်လာတာလည်း ဖြစ်နိုင်ပါတယ်။
All photographs by writer (except a photo "Sunflower seeds" at Tate Modern).
အောင်မြတ်ဌေး
မေ ၂၆၊ ၂ဝ၁၄
Opmerkingen