ကောင်းကင်ဘုံတွင်ပြုလုပ်သည်.... (ဂျက်ဖ်ခွန်း၏အနုပညာ)




တစ်ခါကကြည့်ဖြစ်တဲ့ ဒီကနေ့ အနုပညာလောကမှာ အလွှမ်းမိုးဆုံးတွေထဲက

တဦးလို့ဆိုတဲ့ 'ဂျက်ဖ်ခွန်း' ရဲ့ပြပွဲအကြောင်းပါပဲ။ သူ့ရဲ့ပြောင်လက်ချောအိနေတဲ့

အရုပ်ကြီးတွေ(စတီးနဲ့လုပ်ထားတဲ့)မှန်လိုကြည်လင်ပြီးထွင်းဖောက်အရောင်ပြန်တဲ့

အလွန်ချိမြန်ဖွယ် အရသာရှိစေတဲ့ပြပွဲတစ်ခုကိုပြောချင်ပါတယ်။

(သူ့ကို ပေါ့ပ်အတ် ခေတ်ပြိုင်ပုံစံ အသစ်တည်ဆောက်သူလို့လဲသမုတ်ကြတယ်)

သူက အနုပညာဘွဲ့ ၂ ခုရခဲ့တယ်၊ ဝေါစထရိမှာ (ပွဲစား)စီးပွားရေးအကျိုးဆောင်လုပ်ဖူးတဲ့သူ၊

၁၉၈ဝ ဝန်းကျင်လောက်မှာ အနုပညာတွေစလုပ်တယ်။

သူ့အကြောင်းတွေရှာဖတ်ကြည့်ရင် နာမည်ကြီးအပြာမင်းသမီးနဲ့လက်ထပ်ခဲ့သူ၊

လူကမင်းသားဂိုက်ခပ်ချောချော၊ သူ့လက်ရာတွေက လိင်စိတ်ကြွစေတာတွေ၊

အလွန်စိတ်ကို လှုံ့ဆော်စေနိုင်တာတွေဆိုတာကြည့်တာနဲ့တန်းသိသာနိုင်တာပဲ။

ဘုရားပွဲဈေးတွေမှာရောင်းတဲ့ ဘောလုံးအရှည်တွေနဲ့လုပ်တဲ့ ခွေးအရုပ်တွေကို

ကလေးလူကြီးမကြိုက်ကြဘူးလား၊ ပြောင်လက်နေတဲ့အရုပ်ကြီးတွေက တွေ့တဲ့သူ

တိုင်းကို အရသာရှိစေမပေါ့၊ ပျော်ရွှင် တက်ကြွဖွယ်အရသာမျိုး။ သူကပြောတယ်

...သူ့လက်ရာမှာနောက်ကွယ်ကအကြောင်းရာဆိုတာမရှိဘူး၊ ကွန်းဆက်ဆိုတာတွေ မပါဘူး၊

ရှေ့ကမြင်ရတဲ့လက်ငင်းအရသာပဲ။ ပြပွဲမှာကျနော်မျက်မြင်တွေ့ရတဲ့အတိုင်းပြောရရင် သိပ်ကို

မှင်သက်စရာလို့ပြောရမှာပဲ၊ ဘာကိုမှင်သက်မိသလဲဆိုတော့ စတီးလ်သွန်းပညာ၊ ပြီးတော့

အဲဒီ ချောအိအိ ပြောင်လက်လက်၊ ချိုအီနေတဲ့ အရသာမျိုး...

ခံစားရ။ ရသတစ်ခုပြစ်ပြစ်နှစ်နှစ် ရရှိသလို၊ ရွှင်မြူးပေါ့ပါး စရာကိုခံစားရတယ် ဆိုရမလား...။

(စကားမစပ်) သူ့လက်ရာစတီးလေဘောလုံးခွေးရုပ်(လိမော်ရောင် ဗားရှင်း) တစ်ခုထဲတင်

တစ်နှစ်က ခရစ်စတီလေလံပွဲမှာဒေါ်လာ ၅၈မီလီယံနဲ့ သက်ရှိအနုပညာရှင်ထဲ

အများဆုံးကြေးရောင်းရသူအဖြစ် စံချိန်ချိုးခဲ့သတဲ့။




အမြင်လက်ရာလား အိုင်ဒီယာလား


ခေတ်ပြိုင်အနုပညာတွေထဲ ပထမဆုံး ဂျက်ဖ်ခွန်းကိုုဥပမာပေးရတာ နဲနဲတော့ ခက်

သား၊ သူတိုု့နယူးယော့ခ်လောက က အနုုပညာဆိုုတာလက်ရာပြုလုုပ်ခြင်းမဟုုတ်

အိုုင်ဒီယာပြုလုုပ်ခြင်းလို့ ပြတ်ပြတ်သားသား ကြွေးကျော်ခဲ့တာမှ သိပ်မကြာလှသေး။

(အခုု ဂျက်ဖ်ခွန်းကတော့ အိုုင်ဒီယာလုပ်တာမဟုတ်ဖူးဆိုပြန်ပါတယ်)။ အခုဂျက်ခွန်းပြပွဲ

ဟာ ဝှစ်တနေးအနုပညာပြတိုက်ရဲ့အထူးပြပွဲပါ။ သူ့လက်ရာပေါင်းစုအားလုံးနီးပါး

ကိုတွေ့ရတယ်။ ပထမဝင်လိုက်တဲ့အခန်းမှာရောင်စုံရွံ့(ပန်းပုရုပ်လုပ်တဲ့ဂျုံရောင်စုံမျိုး)

ဖိချေထားတဲ့ဖန်စီအရောင်တုံးကြီးကိုတွေ့လိုက်ရတယ်။ အဲဒီနောက်မှာ ပန်းစီရောင်

လေမှုတ်ခေါင်းအုံးဝိုင်းကြီးနံရဲမှာကပ်လျှက်သား...ကြည့်သူတွေရဲ့အရိပ်တွေ အကုန်မြင်နေရတဲ့မှန်ခုံးကြီးလိုပဲ။

(အရင်ကအနုပညာပြပွဲဆိုတာတွေနဲ့ လားလားမှ မဆိုင်တဲ့မြင်ကွင်းတွေ)။

မလှမ်းမကမ်းမှာမှ လူသိများတဲ့ လေထိုးဘောလုံခွေးရုပ်ရွှေရောင်ပြောင်းလက်လက်ကြီး၊

အဲဒါတွေကိုဘယ်ညာပတ်လည်လှည့်ပြီးဖင်ပြန်ခေါင်း

ပြန်ကြည့်နေကြသူတွေက တိုးကြိတ်လို့။

သူပြောထားသလို နောက်ကွယ်ကအကြောင်းအရာမပါဘူးဆိုတော့ကာ

ဒီဟာတွေကသူ့ဘဝမှာဘယ်လိုဇာတ်လမ်းတွေရှိ ခဲ့ဖြစ်ခဲ့တယ်ဆိုတာလဲမရှိ၊ ဘုရားပွဲထဲလှည့်ကြည့်နေရသလို

ဒါမှမဟုတ်အနောက်တိုင်းကလေးပုံပြင်ထဲက အံ့ဖွယ်ကမ္ဘာထဲပြုတ်ကျသွားတဲ့ ကောင်မလေး အဲလစ်နေရာကို

ဝင်ကြည့်ရောက်ရှိနေရသလိုလို ဒါပေမယ့်လည်း ဆန်းကြယ်တယ်လို့ပြောရလောက် အောင်လဲ ပြောပြစရာက

သိပ်မရှိလှ။


တားမြစ်မှုများနဲ့ ရမ္မက်ဆန္ဒ .....



အဲဒီအခန်းကနေ နောက်တစ်ခန်းကိုရောက်သွားတော့ စာအုပ်တွေထဲတွေ့

ဖူးတဲ့သူ့ရဲ့ပန်းပုရုပ်ထုလက်ရာတွေတွေ့ရတော့တယ်၊ မျောက်ဝံငယ်လေးကိုပွေ့ထား

တဲ့ မိုက်ကယ်ဂျက်ဆင်ပန်းပု မွေးနေ့ကိတ်ပေါ်မှာအလှဆင်တဲ့အရုပ်လိုပြောင် ချော် ချော်ကြီး။

လိင်ကိစ္စနဲ့ပတ်သက်ပြီးသရော်ထားတာ၊ မျောက်ဝံကိုပွေ့ထားပုံကဘာလိုလိုအနေအထား။

သူ့ရဲ့သဘောက အသင့်လုပ်အပျော်သဘောရောင်းဝယ်နေကြ

တဲ့ ရယ်ဒီမိတ် ကစားစရာအရုပ်ယဉ်ကျေးမှုနဲ့ လက်ငင်းအမေရိကန်ဘဝတွေကိုပြောချင်ပုံပဲ။

လူကြိုက်များပြီး အဆင်သင့် ဖန်တီပေးထားတဲ့ ကွန်ဇူးမား၀ါဒရဲ့ ထုတ်ကုန်တွေက ဘ၀ကိုပုံသွင်းဖန်တီပေးထားတဲ့ သဘောလို့ယူဆရတယ်။ ပြီးတော့ အဲဒီရုပ်ပုံတွေလို သရုပ်လွန်သဘာ၀ရဲ့အခြားတစ်ဖက်က စိတ်ကူးယဥ်လောကထဲ မေ့မြောရစ်မူးနေကြသူတွေေပါ့။

အခြားပြောင်ပြောင်လက်လက်ပန်းပုတွေနဲ့ ပုံပြင်ဆန်ဆန်လက်ဆောင်ရုပ်ထု လက်မှုတွေတန်းစီချထားတာ ကိုလည်းတွေ့နိုင်ပါတယ်။



နောက်တစ်ခန်းရောက်တော့အခန်းဝမှာ မိဘများသို့သတိပေးချက်ဆို ပြီးစာကပ်ထားတယ်၊

အထဲကပြသထားတာတွေမှာ လိင်မတော်တရော်တွေပါကြောင်းသတိပေးတာ။

ဒါနဲ့ဘာတွေများပြထားလဲဆိုတော့ သူနဲ့သူ့ဇနီး(အပြာမင်းသမီး)တို့ရဲ့အိပ်ယာပေါ်ကဝစ်လစ်စလစ်ပိုစတာကြီးတွေနံရံအပြည့်အရွယ်၊ လိင်ဘဝဆိုင်ရာသူ့အတွေ့ကြုံနဲ့ အနုပညာဆက်စပ်ပတ်သက်လာပုံပေါ့။

စုံတွဲပုံ တွေမှာ (မိတ်အင်ဟေးဗန်း) ကောင်းကင်ဘုံတွင်လုပ်သည်ဆိုတဲ့ရုပ်ရှင်ကားကြော်ငြာမျိုး၊ လိင်ကိစ္စဟာ

သူ့ကိုယ်ရေးကိုယ်တာဖြစ်သလိုသူ့အနုပညာနဲ့ပါဆက်စပ်နေတယ်ပေါ့။ လိင်ရမ္မက်

နဲ့ပါတ်သက်ပြီး ဗင်းဆင့်ဗန်ဂိုးကို ဒီနေရာမှာသွားသတိရတယ်၊ အချိန်အခါချင်း

ကာလအနေအထားမတူတဲ့၊ လူမျိုးနဲ့စရိုက်တွေကွာခြားတဲ့ အနုပညာနဲ့လိင်ဆန္ဒချဉ်းကပ်မှု

မျိုး၊ ဗင်းဆင့်ဟာ ပြင်ပမြင်ကွင်းတွေပေါ်ကိုသူ့စိတ်ရဲ့ရမ္မက်လှိုင်းတွေထဲကနေပြန်ထုတ်

ခြယ်မှုန်းတယ်၊ ဂျက်ခွန်းဟာ ခေတ်ရဲ့ပေါ်ပြုလာယဉ်ကျေးမှုကို အဲဒီရမ္မက်ထုတ်ကုန်တွေနဲ့ တင်ပြတယ်။




ပေါ်ပြူလာကာချာဆိုတာဘာလဲ....


အမေရိကန်အနုပညာသမိုင်းကို ဂျက်ဖ်ခွန်းဟာဆန့်ကျင်ပယ်ထုတ်ပြီးသူ

လုပ်ချင်ရာလုပ်ထားတယ်လို့ပညာရှင်တချို့ကကောက်ချက်ချတယ်။

ပေါ်ပြူလာကာချာနဲ့အနုပညာရဲ့သဘာဝကြားဆက်ထားတဲ့ကေဘယ်တစ်ခုလိုပဲတဲ့။

ပြတိုက် မြေညီထပ်မှာပြထားတဲ့ မိုက်ကယ်အိန်ဂျလိုရဲ့ဟာကျူလီရုပ်ထုမူရင်းအရွယ်

ပလာစတာပန်းပုကြီးမှာ ပုခုံးပေါ်ခရမ်းပြာရောင်ဖန်လုံးကြီးတင်ထားတဲ့ဟာဆိုရင်

ဒီသဘော ကိုပြည့်ပြည့်ဝဝ ပြောထားတယ်။

ကြီးကျယ်မြင့်မားခဲ့တဲ့ရီနေးဆန်းပန်းပုရုပ်ဟာ ဒီကနေ့မှာရိုးရာအနုပညာပြယုဂ်ဖြစ်လာပြီး

ပေါ်ပြုလာယဉ်ကျေးမှုဖြစ်လာတာရယ်၊ ပါဝါအင်အားကိုပြတဲ့အရုပ်မှာ

သူတို့ပင်ဆီဗေးနီးယားကဓလေ့လိုသဘောထားပြည့်ဝစိတ်စွမ်းအားရှိမှုကိုပြဖို့

ဒီလို(ဂေ့စင်းဘော)ကြည့်မှန်လုံးကြီးတွေအိမ်မှာထားလေ့ရှိတယ်ပေါ့။

ပြီးတော့ ဒီနေ့ခေတ်ရဲ့ မီနီမယ်လစ်အမြင်မျိုး အားလုံးသောအပျောက်

မွှန်းတွေကိုချုံ့ချပြစ်လိုက်တဲ့ စွမ်းအင်စုစည်းမှုကိုပြတဲ့တကယ့်ပါဝါကိုညွှန်းနေ တယ်လို့ဆိုကြတယ်။

တကယ်ပဲသူ့လက်ရာတွေဟာ ကလေးကြိုက်ပြောင်လက် တောက်ပ မှန်လိုစီးဆင်းကျနေတဲ့ရောင်ပြန်အရိပ်တွေနဲ့နှစ်ခြိုက်စရာအပျော်ပန်း ရုပ်ထုကြီးတွေလိုမြင်ရတယ်၊ ဒီလက်ရာတွေအတွက်သူသုံးတဲ့ပစ္စည်းတွေက ကြေး၊ စတီး၊ မှန်၊ ကြွေစတဲ့ရည်ရှည်ခံ ခိုင်မာတဲ့ခေတ်ပေါ် မီဒီယံတွေပါ။

အနုပညာခေတ်တွေကိုလေ့လာရာမှာ ပေါ့ပ်ပန်းချီတစ်ခေတ်ဟာ အရေးပါ

ပြီးချန်လှပ်ထားလို့မရတဲ့အပိုင်းတွေပါသူ့ခေတ်မှာနာမည်ကျော်သူက အင်ဒီဝါးဟိုး။

အင်ဒီဝါးဟိုးဘာတွေလုပ်ခဲ့လဲဆိုတာလေ့လာဖူးကြမှာပါ။ သာမန်နေ့စဉ်ဘဝမှာမြင်

နေတွေ့နေကျ သတင်းစားကပုံတွေ၊ ကာတွန်းစာအုပ်ကမစ်ကီမောက်လို လူသိများ

တဲ့အိုင်ကွန်တွေ၊ ပဲစည်သွတ်ဘူးလိုလူသုံးများတဲ့အစားသောက်တွေ၊ ကိုကာကိုလာ

ပုလင်းတွေနဲ့ မာရီလင်မွန်းရိုး၊ မော်စီတုန်း စတဲ့အဲဒီခေတ်ကလူသိများသူတွေကို

ပန်းချီရေးဖို့အကြောင်းရာအဖြစ် အသုံးပြုဖန်တီးကြတာပါ။ အကြောင်းရာပိုင်းကို

ဒီလိုလူသိပြီးသားကိုရွေးလိုက်တဲ့အတွက် ပရိသတ်ရဲ့စိတ်ဝင်စားမှုဟာ အခြားတစ်ခု

ကိုရောက်သွားတယ် ဘာလို့ဒီပုံတွေရေးသလဲဆိုတဲ့အိုင်ဒီယိုလိုဂျီနဲ့ ဘယ်လိုဖန်တီး

ထားတယ်ဆိုတဲ့တက္ကနစ်ပိုင်းတွေပေါ့။ ဒါဟာအနုပညာကိုနားလည်ပုံနောက်တစ်ခု

ဖြစ်လာတာပဲ။ ဥပမာကျနော်တို့သိပြီးသားမီဒီယံဖြစ်တဲ့ ဆီဆေးပန်းချီ၊ ရေဆေးပန်းချီ

စသဖြင့် ရေးနည်းစနစ်ပိုင်းကိုကြည့်သလား၊ ရေးထားတဲ့အကြောင်းရာပိုင်းကို

ကြည့်သလားဆိုတာယှဉ်ကြည့်နိုင်တယ်၊ တစ်ချို့ကအကြောင်းရာကိုကြည့်တယ်...

ဆိုပါတော့ ဈေးရှုခင်း၊ ဘုရားမြင်ကွင်း၊ ရဟန်းတွေကြွချီဟန်စတာတွေက

အကြောင်းအရာပါပဲ၊ တကယ်က အဲဒီအရာတွေဟာ အကြောင်းရာ

လို့မဆိုနိုင်သေးဘူး၊ သာမာန်မြင်ကွင်းပဲ၊ အကြောင်းရာဆိုတာက အဖြစ်အပျက်တစ်ခု

သို့မဟုတ် တိကျတဲ့အကြောင်းပြချက်တစ်ခုရှိပြီး အသေချာရွေးထုတ် တင်ပြတာမျိုးမှသာ

အကြောင်းရာလို့ဆိုနိုင်မယ်ပေါ့။ အကြောင်းရာမပါလို့...နည်းစနစ်ပိုင်းကို အာရုံကျဖို့ကလည်း

လုပ်ထားတဲ့ပုံဟာ အထူးတီထွင်ထားတာမျိုး တက္ကနစ်ပိုင်းစိတ်ဝင်စားစရာပါမှပဲ ဖြစ်မှာပါ။




ဒီတော့အနုပညာကိုနားလည်ဖို့ဆိုတာ ဘာကိုနားလည်အောင်လုပ်တာလဲ

လို့ မေးစရာထပ်ရှိလာပါတယ်။ လုပ်နည်းကျွမ်းကျင်မှုဟာ ပရိုဖက်ရှင်တဦးမို့လုပ်နိုင်

တာမဆန်း။ ရွေးတဲ့အကြောင်းရာကလည်း မြင်နေကျပဲဆိုရင်ဘာမှနားလည်ဖို့ကြိုးစားနေ

စရာမလို။ တစ်ခုရှိတာကနားလည်အောင်ကြိုးစားဖို့ဆိုတာကလည်းလွယ်တာတော့ မဟုတ်ပါ။

အနုပညာတစ်ခုကိုကြည်တဲ့အခါ မိမိရှိတဲ့အခံဗဟုသုတ၊ စိတ်အခြေနေနဲ့

စတင်ထိတွေ့လိုက်ရတယ်။ ပြီးမှဒီအနုပညာရဲ့အချက်အလက်ပိုင်း၊

ရသပိုင်းနဲ့လူထု ဆက်သွယ်ရေးကိုကြည့်ရမှာပါ။ အနုပညာပြပွဲတွေဟာ

လုပ်ပုံလုပ်နည်းများပြား လှတဲ့အတွက် တစ်ပွဲနဲ့တစ်ပွဲထူးကဲသာလွန်မှုကိုအမျိုးမျိုးကြံဆတာမို့ ကြည့်တိုင်း

အတွေ့ကြုံသစ်ပေးပါတယ်၊ အနှစ်သာရအသစ်ပေးပါတယ်၊ ကြိုက်မကြိုက် လက်ခံ

မခံဆိုတာလည်း လွတ်လွတ်လပ်လပ် အခွင့်ရေးရှိပါတယ်။


အောင်မြတ်ဌေး


Writing in 2015

Re-edited in July, 2020

(All photographs taken by writer)

236 views